back

ရန်ကုန်အာကာသပြတိုက်သို့ လာရောက်လေ့လာသူ များပြားသဖြင့် ရုံးပိတ်ရက်များတွင် ဖွင့်လှစ်ချိန် တိုးမြှင့်သတ်မှတ်

Dec 17 • 7:20 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်အာကာသပြတိုက်သို့ လာရောက်လေ့လာသူ များပြားသဖြင့် ရုံးပိတ်ရက်များတွင် ဖွင့်လှစ်ချိန် တိုးမြှင့်သတ်မှတ်

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်အတွင်းရှိ အာကာသပြတိုက်သို့ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစတင်၍ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင...

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်အတွင်းရှိ အာကာသပြတိုက်သို့ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစတင်၍ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ချိန်ကို တိုးမြှင့်လိုက်ကြောင်း သိရသည်။ ယခင် နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ထားသည့် အဆိုပါပြတိုက်တွင် နက်ရှိုင်းအာကာသလေ့လာရေးပြခန်း၊ VR Simulation နှင့် နိုင်ငံတကာသုံး ဒုံးပျံ/ဂြိုလ်တုပုံစံတူများအပြင် Digital Planetarium စနစ်ဖြင့် နေ့စဉ်မတူညီသော အာကာသဆိုင်ရာ အစီအစဉ်များကို ပြသပေးလျက်ရှိသည်။ ဝင်ကြေးနှုန်းထားများအဖြစ် ကျောင်းသား/သံဃာ ၅၀၀ ကျပ်၊ ၁၂ နှစ်အောက် ၁,၀၀၀ ကျပ်၊ ၁၂ နှစ်အထက် ၁,၅၀၀ ကျပ်နှင့် နိုင်ငံခြားသား ၅,၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း ပြတိုက်၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

25