စင်ကာပူနိုင်ငံ၊ ဇူရောင်းအနောက်ပိုင်း Jurong West တွင် ဒီဇင်ဘာ၁၆ရက် နံနက်ပိုင်းက ဘတ်စ်ကားနှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၄၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်မှာ လမ်းဘေးတွင် ရပ်နားထားသော ဘတ်စ်ကားအမှတ် ၉၉ ကို ဘတ်စ်ကားအမှတ် ၉၈ က နောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ အမှတ် ၉၈ ယာဉ်မောင်းမှာ ထိုင်ခုံကြားတွင် ညပ်နေခဲ့သဖြင့် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (SCDF) မှ ဟိုက်ဒရောလစ်ကိရိယာများ အသုံးပြုကာ ခက်ခဲစွာ ကယ်တင်ခဲ့ရသည်။
စင်ကာပူ Jurong West တွင် ဘတ်စ်ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၄၄ ဦး ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ထားရ
Dec 17 • 7:18 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


