ထိုင်းနိုင်ငံ Phitsanulok မှာ လမ်းမကြီးပေါ် စကိတ်နဲ့ ကြွချီနေတဲ့ ဘုန်းတော်ကြီးတစ်ပါးကို ထိုင်းအွန်လိုင်း အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။ အဓိက ဝေဖန်နေကြတာကတော့ ဒီအပြုအမူကဘုန်းတော်ကြီး တစ်ပါးရဲ့ အပြုအမူနဲ့ သင့်တော်ရဲ့လားဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။ထိုင်း ဖေ့ဘွတ်ခ်အသုံးပြုသူ Panomkorn U-Koum ဆိုသူက တင်ထားခဲ့တာဖြစ်ပြီး ဗီဒီယိုကအတိုင်းဆို ဘုန်းတော်ကြီးက လမ်းမကြီးရဲ့ဘေးကနေ စကိတ်နဲ့သွားရင်း ဖုန်းကနေ လမ်းကြောင်း ကြည့်သွားနေတာပါ။ ဗီဒီယိုတင်တဲ့ အမျိုးသားက ဒီ ဘုန်းကြီးက အတုဖြစ်နိုင်ကြောင်း သံသယဝင်ခဲ့ပြီး ဆွမ်းစားချင်လို့၊ အလှူငွေတွေ၊ ဝတ္ထုတွေလိုချင်လို့ ဘုန်းကြီး ဝတ်နေတဲ့သူဖြစ်နိုင်တယ်လို့ သူ့အမြင်ကို မျှဝေခဲ့ပါတယ်။ အခုလို ဝေဖန်နေကြတဲ့ ကြားက မိန်းမတစ်ဦးကတော့ ဒီ ဘုန်းကြီး အကြောင်းကို ဝင်မျှဝေခဲ့ပြီး “သူဟာ ရောဂါဖြစ်ထားလို့ စကိတ်နဲ့သွားနေရတာဖြစ်ကာ လမ်းလည်း ကြာကြာမလျှောက်နိုင်တဲ့အပြင် ကားလည်းမရှိ၊ လှူဒါန်းမယ့် ဒကာ၊ဒကာမတွေလည်းမရှိတာကြောင့် ယခုလို စကိတ်စီးသွားနေရတာဖြစ်တယ်” လို့ အဖြစ်အပျက်ကို မျှဝေခဲ့ပါတယ်။ အခုလို ပြောပေမယ့် သူ့အကြောင်းအရာကို သီးခြားအတည်မပြုနိုင်သလို၊ တော်တော်များများကတော့ အခုလို စကိတ်အစား ဆိုင်ကယ်လေး၊ စက်ဘီးလေးနဲ့သွားတာ၊ သို့မဟုတ် လမ်းလျှောက်သွားတာက ပိုဘေးကင်းပြီး သင့်တော်ကြောင်း ထောက်ပြကြပါတယ်။
Dec 17 • 5:10 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


