မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ထုတ်ပြန်ချက်အရ မြန်မာ့ဆန်များဖြစ်သော 6.22 mm အရွယ်အစား ပေါင်းဆန်အမျိုးအစားနှင့် ၅ မှတ် ဆန်ဖြူများကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့ စတင်တင်ပို့ရောင်းချရန် စာချုပ်များ ချုပ်ဆိုပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် တစ်နှစ်ကြာ ရပ်ဆိုင်းထားသည့် ဖိလစ်ပိုင်နိုင်ငံကလည်း ဆန်တင်သွင်းမှု အခွန် ၂၀ ရာခိုင်နှုန်းဖြင့် တန်ချိန် ၃ သန်း ဝယ်ယူသွားမည်ဟု အတည်ပြုထားသည်။ ယင်းအပြင် လက်ရှိတွင် တရုတ်နိုင်ငံက သုခနှင့် ကရင်မဆန် အမျိုးအစားများကိုသာ ဝယ်ယူနေသော်လည်း၊ နွေစပါးအဖြစ် ထွက်ရှိလာမည့် ဧည့်မထအမျိုးအစားများအတွက်ပါ ဈေးကွက်များ ရရှိလာမည်ဖြစ်၍ တောင်သူများအနေဖြင့် ယုံကြည်စိတ်ချစွာ စိုက်ပျိုးကြရန် အသင်းဥက္ကဋ္ဌ ဦးခင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။
Dec 17 • 1:49 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


