မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သဘာဝဘေးဒဏ်သင့် မိသားစုများအတွက် နေအိမ်များ ပြန်လည်ထူထောင် တည်ဆောက်ရာ၌ ဆက်လက် ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက် ပေးအပ်သွားမည်ဟု သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်စဉ်ကလည်း တရုတ်နိုင်ငံက WFP ထံ အမေရိကန်ဒေါ်လာ ၄ သန်း ထောက်ပံ့ခဲ့ရာ ဆန် ၅,၁၂၆ တန် ဝယ်ယူနိုင်ခဲ့ပြီး ငလျင်ဘေးသင့်ဒေသမှ ပြည်သူ ၃၇၉,၀၀၀ ခန့်ကို ဖြန့်ဝေပေးခဲ့သည်။ လက်ရှိတွင် ဆန်အများစုကို ဖြန့်ဝေပေးပြီးဖြစ်ကာ ကျန်ရှိသည့်ဆန်များကို လာမည့် ဇန်နဝါရီလတွင် ဆက်လက် ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် မိသားစုများအတွက် နေအိမ်ပြန်လည်တည်ဆောက်ရေးကို ပံ့ပိုးကူညီမည်
Dec 17 • 1:48 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


