မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ဘုရားဖူးများ အောက်စက်တော်ရာ (ခြေတော်ရာ) ကို လွယ်ကူစွာ ဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို ဒီဇင်ဘာ ၁၄ ရက်မှစတင်၍ တပ်ဆင်လျက်ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော်ယာယီသမ္မတ လှူဒါန်းခဲ့သော အကျယ် ၁၂ ပေ ၈ လက်မ၊ အရှည် ပေ ၁၀၀ ရှိသည့် အဆိုပါတံတားကို တပ်ဆင်ရန် ၁၂ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး ပွဲတော်ကာလတစ်လျှောက်လုံး အသုံးပြုသွားမည်ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ ညအိပ်တည်းခိုခွင့်လည်း ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Dec 17 • 1:33 AM
မြန်မာ
မကွေး
မျှဝေမည်
| 11 | 0 | 0 | 0 |


