back

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျက်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

Dec 17 • 1:31 AM

breaking-news

မြန်မာ

ကရင်

cover

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျက်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် စုစုပေါင်း အဆောက်အအုံ (၆၃၅) လုံးအနက် ဒီဇင်ဘ...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် စုစုပေါင်း အဆောက်အအုံ (၆၃၅) လုံးအနက် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ (၄၄၄) လုံးကို လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စနစ်တကျ ဖြိုချဖျက်ဆီးပြီးစီးခဲ့ကြောင်း သိရသည်။ ဆက်လက်ဖျက်ဆီးရန် အဆောက်အအုံ (၁၉၁) လုံး ကျန်ရှိနေသေးပြီး၊ အသုံးပြုခဲ့သော ပစ္စည်းများကိုပါ ထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန် မီးရှို့ဖျက်ဆီးလျက်ရှိသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှ ဖမ်းဆီးရမိခဲ့သည့် တရားမဝင် နိုင်ငံခြားသား စုစုပေါင်း ၁၂၇ ဦးကိုလည်း ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

19