မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel ၌ ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကို စီစဉ်ကျင်းပမည်ဖြစ်သည်။ ဤပွဲ၏ ရည်ရွယ်ချက်မှာ ဆန်အမျိုးအစား၊ အရည်အသွေး၊ ဈေးနှုန်း၊ အာဟာရတန်ဖိုးနှင့် ချက်ပြုတ်နည်းများဆိုင်ရာ အသိပညာများကို မျိုးဆက်သစ်စားသုံးသူများနှင့် အိမ်ရှင်မများထံ မျှဝေပေးရန်နှင့် စားသုံးသူများ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန် ရွေးချယ်နိုင်ရန်ဖြစ်သည်။ ထို့အပြင် ရွေးချယ်ခံရသည့် အိမ်ရှင်မများအား ဆန်အကြောင်းသိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေပေးမည့် Rice Ambassador များအဖြစ် ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Dec 17 • 1:27 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 11 | 0 | 0 | 0 |


