ယခုလက်ရှိ၌ကျင်းပပြီးစီးခဲ့တဲ့ အာရှယူ-၁၇ဖလားခြေစစ်ပွဲစဉ်တွေထဲမှာ ကွင်းအတွင်းပရိသတ်ဝင်ရောက်အားပေးမှုအများဆုံးအဖြစ် မြန်မာယူ-၁၇အသင်းရဲ့ ပွဲစဉ်နှစ်ပွဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ AFC Asian Cup Facebook Page ရဲ့ ဖော်ပြချက်အရ မြန်မာ-အိုမန်ပွဲကို ပရိသတ် ၂၀,၁၆၁ ဦး အားပေးကြည့်ရှုခဲ့ပြီး ဆီးရီးယား - မြန်မာပွဲကို ပရိသတ် ၃၀,၃၁၄ ဦး ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဒီပရိသတ်အင်အားက အာရှခြေစစ်ပွဲကစားခဲ့တဲ့ နိုင်ငံအားလုံးထက် သာလွန်ခဲ့ပြီး ၁၂ယောက်ကစားသမားရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ပြသနိုင်ခဲ့တယ်လို့ AFC Asian Cup က တင်စားချီးကျုးဖော်ပြခဲ့ပါတယ်။



