back

တရားမဝင် ဆော့ဖ်ဝဲသုံးပြီး Shadow ကစားခိုင်းခဲ့တဲ့ ထိုင်းအမျိုးသမီး E-Sports ကစားသမား ဆီးဂိမ်းက အထုတ်ခံရ

Dec 17 • 12:58 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

တရားမဝင် ဆော့ဖ်ဝဲသုံးပြီး Shadow ကစားခိုင်းခဲ့တဲ့ ထိုင်းအမျိုးသမီး E-Sports ကစားသမား ဆီးဂိမ်းက အထုတ်ခံရ

ဆီးဂိမ်း E-Sports Arena of Valor (AOV) ပြိုင်ပွဲမှာ ထိုင်းအမျိုးသမီးကစားသမား နာဖက်ဝါရာဆင် (ကစားသမားအမည် Tokyogurl) ဟာ တရားမဝင် ဆော့ဖ်ဝဲလ်အသုံးပြုပြီး သူ့နေရာမှာ...

ဆီးဂိမ်း E-Sports Arena of Valor (AOV) ပြိုင်ပွဲမှာ ထိုင်းအမျိုးသမီးကစားသမား နာဖက်ဝါရာဆင် (ကစားသမားအမည် Tokyogurl) ဟာ တရားမဝင် ဆော့ဖ်ဝဲလ်အသုံးပြုပြီး သူ့နေရာမှာ အမျိုးသားတစ်ဦးကို နောက်ကွယ်က ကစားစေကြောင်း စုံစမ်းတွေ့ရှိတာကြောင့် ပြိုင်ပွဲက အထုတ်ခံခဲ့ရပါတယ်။ ထိုင်း E-Sports အဖွဲ့ချုပ်က Tokyogurl ကို ဆီးဂိမ်း AOV ပြိုင်ပွဲဝင်အသင်းက ထုတ်ပယ်လိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သလို သူ့ရဲ့ကလပ်အသင်း TALON ကလည်း ဒီဇင်ဘာ ၁၆ရက်ကစပြီး အသင်းကစားသမားအဖြစ်က ထုတ်ပယ်ကြောင်း ကြေညာပါတယ်။ Arena of Valor / ROV ကို တိုက်ရိုက် စီမံခန့်ခွဲတဲ့ ကုမ္ပဏီ ဖြစ်တဲ့ GARENA ကလည်း Tokyogurl ကို သူတို့စီစဉ်တဲ့ ပြိုင်ပွဲအားလုံးကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပါတယ်။


news-view-count-icon

14