ပြည်တွင်း၌စားသုံးသူနစ်နာဆုံးရှုံးလို့ တိုင်ကြားလာမှု တွေ မှာ ဆက်သွယ်ရေးဝန်ဆောင်မှု နဲ့ ပတ်သက်လို့ တိုင်ကြားလာတာ တွေ က အများဆုံးဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနကသိရပါတယ်။စားသုံးသူနစ်နာဆုံးရှုံးလို့ တိုင်ကြားမှု တွေ အပေါ်
စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်တာနဲ့ပတ်သက်ပြီး၊
၂၀၂၅ ခုနှစ် နိုဝင်ဘာ အတွင်း တိုင်ကြားမှု ၂၄ ခု နဲ့ အရင်လ တွေရဲ့ ဖြေရှင်း ဖို့ ကျန် တိုင်ကြားမှု ၅၇ ခု
စုစုပေါင်း ၈၁ ခု ရှိပါတယ်။ ဖြေရှင်းဖို့ အမှုပေါင်း ၈၁ ခုထဲကနေနိုဝင်ဘာလအတွင်း မှာ ၃၅ ခု ကို ဖြေရှင်းပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ဖြေရှင်း ဖို့ ကျန် ၄၆ ခုကို လည်းဆက်လက် စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နေပါတယ်လို့ "စားသုံးသူရေးရာဦးစီးဌာနက ဆိုပါတယ်။နိုဝင်ဘာလအတွင်း တိုင်ကြားမှု ၂၄ ခုမှာ ဆက်သွယ်ရေးဝန်ဆောင်မှု နဲ့က ၁၂ ခု ဖြစ်ပြီး အများဆုံးဖြစ်ပါတယ်။ကျန်ရှိတဲ့ တိုင်ကြားမှုတွေ အနေနဲ့ ကတော့ အီလက်ထရောနစ်ရောင်းဝယ်မှု နဲ့က ၄ မှု ၊ ငွေကြေးဝန်ဆောင်မှု နဲ့ ၃ မှု ၊ အခြားဝန်ဆောင်မှု က ၂ မှု ၊လူသုံးကုန်ပစ္စည်း နဲ့ ၁ မှု ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှု က ၁ မှု နဲ့ ငွေကြေးဝန်ဆောင်မှုနဲ့ က ၁ မှု ၊ စုစုပေါင်း ၂၄ ခုဖြစ်တယ်လို့ သိရပါတယ်။တိုင်ကြားတဲ့ မြို့နယ်တွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၁၈ မှုနဲ့အများဆုံးဖြစ်ပါတယ်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ၊ နေပြည်တော် ၊ ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းတွေက အသီးသီးတိုင်ကြားလာကြတာဖြစ်တယ်လို့သိရပါတယ်။



