back

ရေသောက်ပြီးနောက်ခန္ဓာကိုယ်ရေဓာတ်ပြည့်စေရန် အချိန်ကြာနိုင်မှု

Dec 16 • 5:39 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
breaking-news
cover

ရေသောက်ပြီးနောက်ခန္ဓာကိုယ်ရေဓာတ်ပြည့်စေရန် အချိန်ကြာနိုင်မှု

ခန္ဓာကိုယ်ထဲ ရေစုပ်ယူခြင်းဖြစ်စဉ်က ရေသောက်ပြီးလို့ မိနစ်ပိုင်းအတွင်း စတင်ကာ အစာခြေစနစ်ကနေ ဖြတ်သန်းပြီး သွေးစီးဆင်းလမ်းကြောင်းထဲ ဝင်ရောက်ပြီးနောက် ဆဲလ်တွေဆီ ရော...

ခန္ဓာကိုယ်ထဲ ရေစုပ်ယူခြင်းဖြစ်စဉ်က ရေသောက်ပြီးလို့ မိနစ်ပိုင်းအတွင်း စတင်ကာ အစာခြေစနစ်ကနေ ဖြတ်သန်းပြီး သွေးစီးဆင်းလမ်းကြောင်းထဲ ဝင်ရောက်ပြီးနောက် ဆဲလ်တွေဆီ ရောက်ရှိတယ်လို့ ကျန်းမာရေးပညာရှင် ပြောပါတယ်။ အစာအိမ် အစာမရှိတဲ့အခြေအနေ၊ ရေအပူချိန်နဲ့ ဘာစားလဲဆိုတာတွေက ခန္ဓာကိုယ်က အရည်တွေကို ဘယ်လောက်အထိ စုပ်ယူနိုင်လဲဆိုတာ သက်ရောက်မှုရှိစေပါတယ်။ ရေဓာတ်ဖြည့်ခြင်းရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်းဖြင့် အကောင်းဆုံး ရေဓာတ်ရရှိဖို့ ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိလာနိုင်ပါတယ်။ ရေသောက်ပြီးတဲ့အခါ ၅ မိနစ် ၁၀ မိနစ်အတွင်း သွေးထဲသို့ ရေရောက်ရှိကာ တစ်ရှူးတွေ၊ အင်္ဂါတွေ၊ ဆဲလ်တွေထဲသို့ မိနစ် ၃၀ မှ ၄၅ မိနစ်အတွင်း ရောက်ရှိပြီး ရေဓာတ်ဖြည့်ပေးတယ်လို့ အာဟာရပညာရှင် ဒီပီကာရှာမာက ပြောပါတယ်။

news-view-count-icon

12