back

တရုတ်ရဲ့ မည်သည့် ရုတ်တရက် တိုက်ခိုက်မှုကိုမဆို မြန်ဆန်စွာ လက်တုံ့ပြန်နိုင်ဟု ထိုင်ဝမ် ပြော

Dec 16 • 5:22 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ရဲ့ မည်သည့် ရုတ်တရက် တိုက်ခိုက်မှုကိုမဆို မြန်ဆန်စွာ လက်တုံ့ပြန်နိုင်ဟု ထိုင်ဝမ် ပြော

ထိုင်ဝမ်စစ်တပ်ဟာ တရုတ်ရဲ့ မည်သည့် ရုတ်တရက် တိုက်ခိုက်မှုကိုမဆို မြန်ဆန်စွာ တုံ့ပြန်နိုင် ပြီး အထက်မှ အမိန့်ပေးမှုကို စောင့်ဆိုင်းစရာမလိုပဲ တပ်ဖွဲ့အားလုံး စစ်ဆင်...

ထိုင်ဝမ်စစ်တပ်ဟာ တရုတ်ရဲ့ မည်သည့် ရုတ်တရက် တိုက်ခိုက်မှုကိုမဆို မြန်ဆန်စွာ တုံ့ပြန်နိုင် ပြီး အထက်မှ အမိန့်ပေးမှုကို စောင့်ဆိုင်းစရာမလိုပဲ တပ်ဖွဲ့အားလုံး စစ်ဆင်ရေး လုပ်ဆောင်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာတစ်ခုမှာ လွှတ်တော်အမတ်တွေကို ပြောပါတယ်။တရုတ်ဟာ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေက ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ တိုက်ခိုက်ရေးအဖြစ် ရုတ်တ ရက် ပြောင်းလဲနိုင်တယ်လို့ ထိုင်ဝမ်က အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။ပုံမှန် ပူးတွဲ တိုက်ခိုက်ရေး ကင်းလှည့်မှုတွေ အပါအဝင် တရုတ်စစ်တပ်ရဲ့ အရွယ်အစားဟာ တစ် နှစ်ထက်တစ်နှစ် ကြီးမားလာခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက စစ်ပွဲအဖြစ် ရုတ်တရက် ပြောင်းလာရင် တိုက်ခိုက်ရေးအဖြစ် တပ်လှုန့်ဖို့ ထိုင်ဝမ်စစ်တပ်က လေ့ကျင့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ဘယ်လို တိုက်ခိုက်ရမယ်ဆိုတာ လေ့ကျင့်နေပြီး အာရှ-ပစိဖိတ်ဒေသ သို့ စစ်သင်္ဘောတွေ စေလွှတ်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ချဲ့ကားပြောဆိုနေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ၁၅ရက် တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ထိုင်ဝမ်အစိုးရက တရုတ်ရဲ့ အချုပ်အခြာအာဏာ တောင်းဆိုချက်ကို ပယ်ချပြီး ထိုင်ဝမ်ပြည်သူ တွေကသာ ၎င်းတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။

news-view-count-icon

7