၂၀၂၅ SEA Games အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ထိုင်းအသင်းက မလေးရှားကို ၁-၀ ဂိုးဖြင့်လည်းကောင်း၊ ဗီယက်နမ်အသင်းက ဖိလစ်ပိုင်ကို ၂-၀ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဗိုလ်လုပွဲကို အိမ်ရှင် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် ဒီဇင်ဘာ ၁၈ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့အပြင် အမျိုးသမီးဘောလုံး ဗိုလ်လုပွဲကိုလည်း ဖိလစ်ပိုင်နှင့် ဗီယက်နမ်အသင်းတို့သည် ဒီဇင်ဘာ ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။



