back

YOUTH International College မှ ပထမဆုံးအကြိမ်မြောက် YIC-RUN 2025 ပြေးပွဲကို စည်ကားစွာ ကျင်းပ

Dec 16 • 1:09 AM

breaking-news

မြန်မာ

ရန်ကုန်

cover

YOUTH International College မှ ပထမဆုံးအကြိမ်မြောက် YIC-RUN 2025 ပြေးပွဲကို စည်ကားစွာ ကျင်းပ

YOUTH International College (YIC) မှ စီစဉ်သည့် ပထမဆုံးအကြိမ်မြောက် YIC-RUN 2025 ပြေးပွဲကြီးကို ဒီဇင်ဘာ ၁၄ ရက်၊ မနက် ၆ နာရီတွင် YIC Campus မှ စတင်ကာ ကန်တော်ကြီးရ...

YOUTH International College (YIC) မှ စီစဉ်သည့် ပထမဆုံးအကြိမ်မြောက် YIC-RUN 2025 ပြေးပွဲကြီးကို ဒီဇင်ဘာ ၁၄ ရက်၊ မနက် ၆ နာရီတွင် YIC Campus မှ စတင်ကာ ကန်တော်ကြီးရှိ ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းခြံအထိ အသွားအပြန် (၅) ကီလိုမီတာ ပြေးလမ်းကြောင်းအတိုင်း ကျင်းပခဲ့သည်။ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဤပြေးပွဲသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် အားကစားဝါသနာရှင်များ၏ ကျန်းမာရေးနှင့် ပညာရေးအတွက် ၂၀၂၆ နှစ်သစ်တွင် ခွန်အားသစ်၊ အခွင့်အလမ်းသစ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်သည်။ ပြိုင်ပွဲတွင် YIC ကျောင်းသားများ၊ မိဘများနှင့် ပြင်ပမှ အားကစားဝါသနာရှင်များ အပါအဝင် လူပေါင်းရာနှင့်ချီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဆုရရှိသူများအား YIC ၏ CEO & Founder ဒေါက်တာဇော်လင်းနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

13