ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရေကူးအားကစားနည်းရဲ့ မီတာ(၄၀၀) အမျိုးသမီးတစ်ဦးချင်းလေးမျိုးကူးပွဲစဉ်မှာ ဗီယက်နမ်ရေကူးမယ် Võ Thị Mỹ Tiên ဟာ ငွေတံဆိပ်ရရှိခဲ့ပြီး ရွှေတံဆိပ်ကိုတော့ အိမ်ရှင်ထိုင်းကရရှိခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ဆုပေးပွဲအခမ်းအနားအပြီးမှာ ဗီယက်နမ်ရေကူးအဖွဲ့ချုပ် ဒုဥက္ကဌ Đinh Việt Hùng ဟာ စင်မြင့်နေရာမှာတင်ပဲ Võ Thị Mỹ Tiên ရဲ့ နည်းစနစ်လိုအပ်ချက်၊ အမှားများကို သရုပ်ပြဝေဖန်ခဲ့တာကြောင့် ဝမ်းနည်းစိတ်ပျက်ဖြစ်ပြီး ငိုယိုကာထွက်ခွာသွားခဲ့ပါတယ်။



