ထိုင်းလိဂ်-၁ကလပ် လမ်ဖွန်ဝါရီယာနဲ့ နှစ်ရှည်စာချုပ်,ချုပ်ဆိုထားတဲ့ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က မိသားစုကျန်းမာရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှာ နေရဖို့ အခြေအနေရှိနေတဲ့အတွက် အသင်းနဲ့ ညှိနှိုင်းပြီး ရန်ကုန်ယူနိုက်တက်မှာ ငါးလအငှားစာချုပ်နဲ့ ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မိသားစုကျန်းမာရေးကြောင့် ကျွန်တော့်အခြေအနေက မြန်မာနိုင်ငံမှာ ကာလရှည်နေရဖို့ရှိနေပါတယ်။ ကလပ်အသင်းကလည်း ခွင့်ပေးထားပါတယ်။ ဒါပေမယ့် အချိန်ဘယ်လောက်ကြာမလဲဆိုတာ သေချာမသိရတော့ ကြားထဲမှာ ဘောလုံးကစားရအောင်လို့ အသင်းကို ခွင့်တောင်းပြီး ရန်ကုန်ယူနိုက်တက်မှာ အငှားနဲ့ကစားဖို့ စီစဉ်ခဲ့တာပါ။ အသင်းကလည်း ခွင့်ပြုပေးခဲ့ပါတယ်။" လို့ မောင်မောင်လွင်က ဆိုကာမောင်မောင်လွင်ဟာ လမ်ဖွန်ဝါရီယာနဲ့ သုံးနှစ်စာချုပ် သက်တမ်းတိုးထားတာဖြစ်ပြီး အသင်းမှာ ကစားနေတာ ငါးနှစ်ဝန်းကျင်ရှိပြီလည်း ဖြစ်ပါတယ်။ မောင်မောင်လွင်အနေနဲ့ ရန်ကုန်ယူနိုက်တက်မှာ ကျောနံပါတ်(၇၇) ဝတ်ဆင်ကစားမယ်လို့လည်း အသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မိသားစုကျန်းမာရေးအခြေအနေကြောင့် မြန်မာနိုင်ငံပြန်လာပြီး ရန်ကုန်ယူနိုက်တက်မှာ အငှားနဲ့ကစားဖို့ ရွေးခဲ့တာလို့ ကစားသမားမောင်မောင်လွင် ဖွင့်ဟလာ
Dec 16 • 12:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


