တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး လျိုကျုံးရိသည် ဒီဇင်ဘာ ၁၅ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲရှိ KK Park သို့ ရောက်ရှိနေပြီး BGF တာဝန်ရှိသူများက မိုင်းခွဲဖျက်ဆီးထားသည့် တရားမဝင် ကျားဖြန့်အဆောက်အအုံများကို လိုက်လံပြသနေကြောင်း BGF ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။ ၎င်းသည် တရုတ်၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံပူးပေါင်း ကျားဖြန့်တိုက်ဖျက်ရေးဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး၊ ဒီဇင်ဘာ ၁၂ ရက်တွင် နေပြည်တော်၌ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်းနိုင်ငံများသာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
| 9 | 0 | 0 | 0 |


