back

အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

Dec 15 • 5:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပသည့် (၁၄) ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပသည့် (၁၄) ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာသည် ကျေးလက်လူထုအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် အားလုံးပူးပေါင်းပါဝင်သည့် ကျေးလက်ဒေသ အသွင်ကူးပြောင်းရေးကို ဦးတည်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ဒေသခံပြည်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ဦးဆောင်ခွင့်များကို အလေးထားဆောင်ရွက်ရန် ပံ့ပိုးပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံမှ Organization for Building Better Society (BBS) နှင့် Pro Engineering Co.Ltd တို့က (၇) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်ချင်းဆုကို ရရှိခဲ့ကြောင်းလည်း သိရသည်။

news-view-count-icon

25