back

သြစတြေးလျ၊ ဘွန်ဒိုင်းကမ်းခြေ အကြမ်းဖက်ပစ်ခတ်မှုတွင် သေနတ်သမား ၁ ဦး အပါအဝင် ၁၆ ဦး သေဆုံး

Dec 15 • 3:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

သြစတြေးလျ၊ ဘွန်ဒိုင်းကမ်းခြေ အကြမ်းဖက်ပစ်ခတ်မှုတွင် သေနတ်သမား ၁ ဦး အပါအဝင် ၁၆ ဦး သေဆုံး

ဩစတြေးလျနိုင်ငံ၊ ဘွန်ဒိုင်းကမ်းခြေ ၌ ယမန်နေ့ ညနေပိုင်းတွင် ဂျူးဘာသာဝင်များ၏ ဟာနုကားပွဲတော်ကို ပစ်မှတ်ထားသည့် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမားတစ်ဦး အပါ...

ဩစတြေးလျနိုင်ငံ၊ ဘွန်ဒိုင်းကမ်းခြေ ၌ ယမန်နေ့ ညနေပိုင်းတွင် ဂျူးဘာသာဝင်များ၏ ဟာနုကားပွဲတော်ကို ပစ်မှတ်ထားသည့် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမားတစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ရဲအရာရှိနှစ်ဦး အပါအဝင် လူ ၄၀ နီးပါး ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ သေနတ်သမားများအနက်မှ တစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး၊ နောက်တစ်ဦးဖြစ်သည့် နာဗိဒ်အက်ကရမ်ဆိုသူကို ဒဏ်ရာများဖြင့် ဖမ်းမိခဲ့ကြောင်း အကြီးတန်းလုံခြုံရေးအရာရှိက အတည်ပြုခဲ့သည်။ သေဆုံးသူများထဲတွင် အစ္စရေးနိုင်ငံသားတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။ ရဲမင်းကြီး လန်ယွန်က ယင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှုဖြစ်ကြောင်း ကြေညာခဲ့ပြီး သေဆုံးသူ သေနတ်သမားနှင့် ဆက်စပ်သော ကားတစ်စီးအတွင်းမှ လက်လုပ်ပေါက်ကွဲပစ္စည်းများကို တွေ့ရှိခဲ့ရာ ဗုံးရှင်းလင်းရေးယူနစ်က ရှင်းလင်းခဲ့သည်။ ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်ဘားနီးစ်က ယင်းတိုက်ခိုက်မှုသည် ဂျူး-ဩစတြေးလျလူမျိုးများကို ပစ်မှတ်ထားသည့် အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

news-view-count-icon

20