၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ နွယ်သာကီ(၂)လမ်းရှိ နေအိမ်တစ်အိမ်၌ မြွေဝင်ရောက်နေကြောင်း သတင်းရရှိခဲ့သည်။ ယင်းသတင်းအရ ကော့သောင်းခရိုင်/မြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သွားရောက်ခဲ့ပြီး အဆိုပါမြွေကို ဖမ်းဆီးပေးခဲ့သည်။ ဖမ်းဆီးရမိသည့်မြွေကို နောက်ပိုင်းတွင် လူသူနှင့်ဝေးသည့် ဘေးလွတ်ရာ (၄) မိုင်တောသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် နေအိမ်အတွင်း ဝင်ရောက်လာသော မြွေကို မီးသတ်တပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ဘေးလွတ်ရာသို့ လွှတ်ပေး
Dec 14 • 6:24 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 41 | 0 | 0 | 0 |


