back

ရန်ကုန်ဆိပ်ကမ်းသို့ ယခု ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် ၅၉ စင်း ဝင်ရောက်ဆိုက်ကပ်မည်

Dec 14 • 6:23 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ဆိပ်ကမ်းသို့ ယခု ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် ၅၉ စင်း ဝင်ရောက်ဆိုက်ကပ်မည်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ထုတ်ပြန်ချက်အရ ယခု ဒီဇင်ဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြ...

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ထုတ်ပြန်ချက်အရ ယခု ဒီဇင်ဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်နေသည့်အတွက် သင်္ဘောများ လစဉ်ပုံမှန် ဝင်ရောက်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း စုစုပေါင်း ၆၇၂ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စုစုပေါင်း ၆၃၃ စင်း ဝင်ရောက်ခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် စုစုပေါင်း ဆိပ်ကမ်းတံတား ၄၆ စင်းဖြင့် ဝန်ဆောင်မှုပေးနေပြီး၊ ပို့ကုန်/သွင်းကုန်များ တိုးမြှင့်ရန်အတွက် ကုန်သေတ္တာသင်္ဘောလိုင်းများမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရသည်။

news-view-count-icon

39