ဒီနေ့ ဒီဇင်ဘာလ (၁၄)ရက်နေ့ ထိုင်းဆီးဂိမ်းစ် မွေအားကစားနည်းမှာတော့ မြန်မာကိုယ်စားပြုမွေကစားသမားတွေဖြစ်တဲ့ မငြိမ်းချမ်းရေးဆုလာဘ်က -၅၁ကီလိုတန်း ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အင်ဒိုနီးရှားကစားသမား၊ မဥမ္မာစိုး ကတော့ -၅၇ ကီလိုတန်း ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဖိလစ်ပိုင်ကစားသမား၊ မောင်ရေချမ်း ကတော့ - ၆၃ကီလိုတန်း ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လာအိုကစားသမားတို့နဲ့ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမှာပဲ ဖြစ်ပါတယ်။



