တရုတ်ကမ်းခြေစောင့်တပ် (CCG) မှ အကြိမ်ကြိမ်သတိပေးချက်များရှိနေသော်လည်း ဖိလစ်ပိုင်သင်္ဘောအသုတ်များစွာသည် ငါးဖမ်းသည်ဟူသည့် ခေါင်းစဉ်ဖြင့် တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ ရှန်းပင်းကျောင်း ကျောက်ဆောင်ကျွန်းအနီး ရေပိုင်နက်သို့ ဒီဇင်ဘာ ၁၂ ရက်က ဝင်ရောက်ကာ ရန်လိုသောလုပ်ရပ်များ ပြုလုပ်ခဲ့ကြောင်း CCG ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။CCG အနေဖြင့် ဥပဒေနှင့်အညီ လိုအပ်သော ထိန်းချုပ်ရေးအစီအမံများကို ဆောင်ရွက်ခြင်း၊ သတိပေးချက်များ ထုတ်ပြန်ခြင်းနှင့် အဆိုပါရေယာဉ်များအား နှင်ထုတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း CCGပြောရေးဆိုခွင့်ရှိသူ လျိုတယ်ကျွင်း၏ ပြောကြားချက်အရ သိရသည်။တရုတ်နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အခိုင်အမာ ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
Dec 14 • 4:17 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


