back

တရုတ်နိုင်ငံ ချန်းထန်ဒေသ သဘာဝတောရိုင်းတိရစ္ဆာန်အများအပြား မှီတင်းနေထိုင်နေကြ

Dec 14 • 4:16 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ ချန်းထန်ဒေသ သဘာဝတောရိုင်းတိရစ္ဆာန်အများအပြား မှီတင်းနေထိုင်နေကြ

ချန်းထန် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေသည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ မြောက်ပိုင်း၌ တည်ရှိသည်။ ထိုနေရာသည် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၄,၅၀...

ချန်းထန် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေသည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ မြောက်ပိုင်း၌ တည်ရှိသည်။ ထိုနေရာသည် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၄,၅၀၀ ကျော်ရှိပြီး ရှီးဇန့်ဒရယ်ငယ်၊ တောရိုင်းစာမရီနွား၊ ရှီးဇန့်တောမြည်း၊ နှင်းကျားသစ်၊ လည်ပင်းနက်ကြိုးကြာ၊ ရှီးဇန့်မြေခွေး၊ ဝက်ဝံညို စသည့် ရှားပါးတိရစ္ဆာန်များစွာ မှီတင်းနေထိုင်လျက်ရှိရာ “တောရိုင်းတိရစ္ဆာန်တို့၏ ပျော်မွေ့ရာဥယျာဉ်” ဟုပင် တင်စားခေါ်ဝေါ်ခံရသည်။ အဆက်မပြတ် ကာကွယ်ထိန်းသိမ်းမှုအကျိုးကြောင့် ယနေ့ ချန်းထန်ဒေသ ဂေဟစနစ်သည် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သည်။ အဆိုပါ ကျယ်ပြောဆိတ်ငြိမ်မှုနှင့် သက်ရှိတို့၏ ကြံ့ကြံ့ခံနိုင်မှုတို့ကို ပေါင်းစပ်ထားသော ရိုးစင်းသည့်နယ်မြေသည် အဆုံးမဲ့ကောင်းကင်ကြီးအောက်တွင် သက်ရှိ၏အံ့ဖွယ်နှင့် စောင့်ရှောက်ခြင်း၏ အဖိုးတန်မှုတို့ကို တိတ်တဆိတ် သက်သေထူလျက်ရှိပေသည်။

news-view-count-icon

22