back

ဘီလာရုစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို လွတ်ငြိမ်းခွင့်ပေး

Dec 14 • 3:16 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘီလာရုစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို လွတ်ငြိမ်းခွင့်ပေး

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးရန် အမိန့်ထုတ်ပြန်လိုက်ရာ၊ ယင်းဆုံးဖြတ်ချက်သည် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်၏ ပိုတက...

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးရန် အမိန့်ထုတ်ပြန်လိုက်ရာ၊ ယင်းဆုံးဖြတ်ချက်သည် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်၏ ပိုတက်ရှ်လုပ်ငန်းအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးမည်ဟု ကြေညာပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ ဘီလာရုစ်ဆိုင်ရာ အထူးသံတမန် ဂျွန်ကိုးလ်နှင့် နှစ်ရက်ကြာ ဆွေးနွေးမှုများအပြီးတွင် ယခုလို လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန BelTA က ဖော်ပြသည်။ လွတ်မြောက်လာသူများထဲတွင် ၂၀၂၁ ခုနှစ်တွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရသည့် ပုလွေတူရိယာပညာရှင် မာရီယာ ကလက်စ်နီကာဗာနှင့် ၂၀၂၃ ခုနှစ်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပြီးနောက် လစ်သူရေးနီးယားသို့ ပြည်နှင်ဒဏ်ပေးခံရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အလက်စ် ဘီယာလီယက်စကီတို့ ပါဝင်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Viasna က ပြောကြားခဲ့သည်။

news-view-count-icon

39