back

၃၃ ကြိမ်မြောက် SEA Games တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အမျိုးသမီး (၆၂-၆၇) ကီလိုတန်း၌ ကေသွယ်မွန်လင်း ငွေတံဆိပ်ဆွတ်ခူး

Dec 14 • 3:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

၃၃ ကြိမ်မြောက် SEA Games တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အမျိုးသမီး (၆၂-၆၇) ကီလိုတန်း၌ ကေသွယ်မွန်လင်း ငွေတံဆိပ်ဆွတ်ခူး

ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် တိုက်ကွမ်ဒိုအားကစားနည်း၊ အမျိုး...

ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် တိုက်ကွမ်ဒိုအားကစားနည်း၊ အမျိုးသမီး (၆၂-၆၇) ကီလိုတန်း ဗိုလ်လုပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ကေသွယ်မွန်လင်းသည် အိမ်ရှင် ထိုင်းကစားသမား Chareewan Piyachutrutai ကို (၂-၀) ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ မူလက ကမ္ဘောဒီးယားကစားသမားတစ်ဦး စာရင်းပေးသွင်းထားသော်လည်း နုတ်ထွက်သွားခဲ့သည့်အတွက် မြန်မာနှင့် ထိုင်းကစားသမားနှစ်ဦးတည်းသာ ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

37