back

ပရီးမီးယားလိဂ် သမိုင်းမှာ ကလပ်တစ်သင်းတည်းအတွက် ဂိုးပါဝင်ပတ်သက်မှု အများဆုံးဖြစ်လာတဲ့ ဆာလာ

Dec 14 • 3:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပရီးမီးယားလိဂ် သမိုင်းမှာ ကလပ်တစ်သင်းတည်းအတွက် ဂိုးပါဝင်ပတ်သက်မှု အများဆုံးဖြစ်လာတဲ့ ဆာလာ

လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက် ဆာလာသည် လတ်တလောတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့်ကြားမှ ၎င်း၏အသင်းအတွက် လူစားဝင်ကစားခဲ့ရာ မိနစ် ၆၀ တွင် အကီတီကေ၏ ဒုတိယဂိုးကို ဖန...

လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက် ဆာလာသည် လတ်တလောတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့်ကြားမှ ၎င်း၏အသင်းအတွက် လူစားဝင်ကစားခဲ့ရာ မိနစ် ၆၀ တွင် အကီတီကေ၏ ဒုတိယဂိုးကို ဖန်တီးပေးခဲ့သည်။ ဤဂိုးဖန်တီးမှုကြောင့် ဆာလာသည် ဂိုးပါဝင်ပတ်သက်မှု စုစုပေါင်း ၂၇၇ ဂိုး (ဂိုး ၁၈၈၊ ဂိုးဖန်တီးမှု ၈၉) ဖြင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးပါဝင်ပတ်သက်မှု အများဆုံး စံချိန်ကို ရေးထိုးနိုင်ခဲ့ပြီး ဝိန်းရွန်နီ (၂၇၆ ဂိုး) ၏ စံချိန်ကို ကျော်ဖြတ်ခဲ့သည်။ ထို့အပြင် ဆာလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးပါဝင်ပတ်သက်မှု အများဆုံးစာရင်းတွင်လည်း စုစုပေါင်း ၂၈၀ ဂိုးဖြင့် ဖရန့်ခ် လမ်းပတ် (၂၇၉ ဂိုး) ကို ကျော်လွန်ကာ တတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

news-view-count-icon

31