ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ် ကမ်း)မြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ အမှတ် (၃)အခြေခံပညာအထက်တန်း ကျောင်း၌ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ အားကစားလှုပ်ရှားမှု မြို့နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲများအား ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သော မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀(ကျား၊မ) အလျားခုန်(ကျား၊ မ)၊ သံလုံးပစ်(ကျား၊ မ)သံပြားပစ်(ကျား၊ မ) လှံတံပစ် (ကျား၊မ) ဂုန်နီအိတ်စွတ်(ကျား၊ မ)ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က ကြည့်ရှု့အားပေးခဲ့ပြီး ဆုရရှိသည့် ကျောင်း/သူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။



