back

ကမ္ဘောဒီးယားက ကိုယ်ဝန်ကြီးနဲ့ ကျဆုံးခဲ့တဲ့ ကမ္ဘောဒီးယား စစ်သည်အမျိုးသမီးကို ဂုဏ်ပြုခဲ့

Dec 14 • 2:02 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားက ကိုယ်ဝန်ကြီးနဲ့ ကျဆုံးခဲ့တဲ့ ကမ္ဘောဒီးယား စစ်သည်အမျိုးသမီးကို ဂုဏ်ပြုခဲ့

ကမ္ဘောဒီးယားတွင် အသက် ၄၃ နှစ်အရွယ်၊ Mut Saveun လို့အမည်ရတဲ့ ကမ္ဘောဒီးယား စစ်သည်အမျိုးသမီးဟာ ကိုယ်လေးလက်ဝန် ၄ လ ရှိနေရင်း ထိုင်းစစ်တပ်တွေနဲ့ နယ်စပ်ကိစ္စ တိုက်ခို...

ကမ္ဘောဒီးယားတွင် အသက် ၄၃ နှစ်အရွယ်၊ Mut Saveun လို့အမည်ရတဲ့ ကမ္ဘောဒီးယား စစ်သည်အမျိုးသမီးဟာ ကိုယ်လေးလက်ဝန် ၄ လ ရှိနေရင်း ထိုင်းစစ်တပ်တွေနဲ့ နယ်စပ်ကိစ္စ တိုက်ခိုက်မှုမှာ ကျဆုံးသွားခဲ့တဲ့အတွက် ကမ္ဘောဒီးယား အမျိုးသမီးရေးရာ ဝန်ကြီးဌာနက ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစိုးရကလည်း သူ့ရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့ပြီး၊ ဒီ အမျိုးသမီးဟာ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုင်းရင်း ကျဆုံးသွားတဲ့အတွက် သူ့ကို ကမ္ဘောဒီးယား ပြည်သူတိုင်းက ချစ်ခင်ပြီး အမြဲ အမှတ်ရနေမယ်လို့ ဖော်ပြထားပါတယ်။Saveun ဟာ တပ်နောက်ခံ မိသားစုကနေလာတာဖြစ်ပြီး ယောကျ်ားနဲ့ သမီးတစ်ဦးထားရစ်ခဲ့သလို လက်ရှိမှာလည်း တက္ကသိုလ်တက်ရင်းတန်းလန်း တာဝန်ထမ်းဆောင်နေတာပါ။ ကိုယ်ဝန်နဲ့ စစ်သည်ကို ဘာလို့ ရှေ့တန်းပို့တာလဲဆိုတာတော့ သေချာမသိရသေးပါဘူး။

news-view-count-icon

20