back

ကမ္ဘာ့စားပွဲတင်တင်းနစ် WTT ဗိုလ်လုပွဲ၌ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို တရုတ်နိုင်ငံ ကြိုတင်ရယူ

Dec 14 • 1:27 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ကမ္ဘာ့စားပွဲတင်တင်းနစ် WTT ဗိုလ်လုပွဲ၌ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို တရုတ်နိုင်ငံ ကြိုတင်ရယူ

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပနေသည့် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ဗိုလ်လုပွဲတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ထိပ်တန်းကစားသမားများဖြစ...

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပနေသည့် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ဗိုလ်လုပွဲတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ထိပ်တန်းကစားသမားများဖြစ်ကြသည့် စွန်းရင်ဆား၊ ဝမ်မန့်ယွိ၊ ခွိုင်မန့်နှင့် ချန်ရိတို့သည် ဒီဇင်ဘာ ၁၂ ရက်က ကွာတားဖိုင်နယ်ပွဲများကို အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းခဲ့ကြသည်။ ဆီမီးဖိုင်နယ်လေးနေရာစလုံးကို တရုတ်ကစားသမားများက ရယူနိုင်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို တရုတ်နိုင်ငံအတွက် ကြိုတင်ရယူထားပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်လည်း တရုတ်နိုင်ငံမှ ဝမ်ချူချင်းသည် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး၊ ကျားမနှစ်ယောက်တွဲပွဲစဉ်များ၌လည်း တရုတ်အတွဲနှစ်တွဲစလုံးက အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်

news-view-count-icon

13