ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူ (၃၉) ဦးအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၁ နာရီတွင် မြို့ချောင်းကျေးရွာအုပ်စု ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလ (၃) လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ခရီးလွန်နေ၍ တက်ရောက်မယူနိုင်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူ ၃၉ ဦးအား သုံးလစာ ထောက်ပံ့ငွေ တစ်ဦးလျှင် ၆၀၀၀၀ ကျပ်နှုန်းဖြင့် ပေးအပ်
Dec 14 • 1:26 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


