ရှမ်းတောင်၊ ဘော်ဆိုင်းမြို့၊ ကံဦးရပ်ကွက် အတွင်း သတ္တုတူးနေသဖြင့် အနီးဝန်းကျင်ရှိ နေအိမ်များ အန္တရာယ်ရှိမည်ကို ရပ်ကွက်နေသူများ စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ဘော်ဆိုင်းဒေသတွင် စစ်သတ္တုတူးဖော်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြပြီး တရုတ်များလည်း လာရောက် ရင်းနှီးမြုပ်နှံမှု များလာကြောင်း ဒေသခံများထံမှ သိရသည်။လက်ရှိတွင် အဆိုပါ လုပ်ကွက်များ၌ သတ္တုတူးဖော်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိရာ မလိုလားအပ်သော ဘေးအန္တရာယ်များ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပြီး တားမြစ်ရန် ဒေသခံ ပြည်သူများက လိုလားနေသည်။



