back

စက်သုံးဆီများ တရားမဝင် သိုလှောင်ထားသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ

Dec 13 • 4:46 PM

breaking-news

မြန်မာ

ကချင်

cover

စက်သုံးဆီများ တရားမဝင် သိုလှောင်ထားသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တနိုင်းမြို့၊ ဆွတ်ငိုင် ရပ်ကွက်ရှိ နန်းအောင်(၃၄)နှစ်၏နေအိမ်ခြံဝင်းအတွင်း၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထား ကြောင်း သတ...

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တနိုင်းမြို့၊ ဆွတ်ငိုင် ရပ်ကွက်ရှိ နန်းအောင်(၃၄)နှစ်၏နေအိမ်ခြံဝင်းအတွင်း၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထား ကြောင်း သတင်းအရ တနိုင်းမြို့နယ် ပူး‌ပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ၎င်း၏နေအိမ်ခြံဝင်းအတွင်း၌ ဓာတ်ဆီ ၄၅ ဂါလံခန့်စီပါ ပေပါ ၂၀ လုံး၊ စုစုပေါင်း ၉၀၀ ဂါလံခန့်(၁ ဂါလံလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့်) စုစုပေါင်းတန်ဖိုး ၂၇,၀၀၀,၀၀၀ ကျပ်ခန့်အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် နန်းအောင်အား တနိုင်းမြို့မရဲစခန်း (ပ)၅၆/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ ဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 


news-view-count-icon

18