အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် စစ် ရေးတင်းမာမှုများကို ရပ်တန့်ရန် ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကွန်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ကို ကြားဝင်ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် အပစ်ရပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။နှစ်နိုင်ငံအပစ်ရပ်စဲမှုအား မလေးရှားဝန်ကြီးချုပ်ဦးဆောင်သည့် ASEAN Observer Team (AOT) အာဆီယံ စောင့်ကြည့်ရေးအဖွဲ့နှင့် အမေရိကန်အစိုးရပိုင် ဂြိုလ်တုတို့ဖြင့် အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါဟီဘရာဟင်က ဆိုသည်။နယ်စပ်တစ်လျှောက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်က တကျော့ပြန် ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယားပြည်သူ (၅) သိန်းကျော် စစ်ဘေးရှောင်ခဲ့ကြရပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်း၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အပစ်ရပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။



