ရန်ကုန်မြို့ရှိ Sedona Hotel ကားပါကင်တွင် ရပ်ထားသော ကားတစ်စီး ဒီဇင်ဘာ ၁၂ ရက် ည ၇ နာရီအချိန်ခန့်က မှန်ခွဲခံရပြီး ပစ္စည်းများ ခိုးယူခံခဲ့ရသည်။ ပါသွားသော ပစ္စည်းများမှာ iPad Mini 6 နှင့် မျက်စိဆရာဝန်သုံး မှန်ဘီလူးများ ဖြစ်ကြောင်း သိရသည်။ဟိုတယ်ဘက်မှ ပြောကြားချက်အရ ကားပါကင်အတွင်း ပစ္စည်းပျောက်ဆုံးမှုများအတွက် ၎င်းတို့တွင် တာဝန်မရှိကြောင်းနှင့် တာဝန်မယူနိုင်ကြောင်း စာကပ်ထားပြီးဖြစ်သည်ဟု သိရသည်။



