ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာက လင်မယားနှစ်ဦးကို ဓားနဲ့ခုတ်သွားတဲ့ သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းမိထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ နမ့်ဖက်ကာကျေးရွာက လင်မယားနှစ်ဦးဟာ ၎င်းတို့ လယ်ယာကနေ ပြန်လာနေတဲ့အချိန်မှာ ဓားနဲ့ခုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။



