ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အမှိုက်ခွန် စျေးနှုန်းသတ်မှတ်မှုအပေါ် အဆင်မပြေ၍ ရပ်ကွက်အတွင်း အမှိုက်မီးရှို့မှု၊ လူမမြင်သည့် အချိန် ရေမြောင်းထဲပစ်ချမှု ပိုများလာကြောင်း သိရသည်။အမှိုက်ခွန် သတ်မှတ်နှုန်းထားသည် လုပ်ငန်းအကြီး၊ အသေးပေါ် မူတည်ပြီး သတ်မှတ်ကောက်ခံခြင်း ရှိကြောင်း သိရသည်။အမှိုက်ထွက်ရှိမှုနည်းသည့် အထည်ဆိုင်သေး မျိုးတွင်လည်း အမှိုက်ခွန်ကောက်ခံမှု (၃)သောင်းကျပ်ထိ ပေးရကြောင်း သိရသည်။အမှိုက်ခွန်တိုးမြှင့်ကောက်ခံမှုသည် ရပ်ကွက်နေ ပြည်သူကြား မသိရှိမှု၊ နှုန်းထားများနေမှုကြောင့် တောင်ကြီး ဒေသခံများကြား ပြောဆိုမှုများနေကြောင်း သိရသည်။



