၃၃ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ E-Sports ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၃ရက် (ဒီနေ့) မှာ စတင်နေပြီဖြစ်ပါတယ်။ ကျင်းပမယ့် ပြိုင်ပွဲအမျိုးအစား နှစ်မျိုးရှိပြီး မြန်မာနိုင်ငံက MLBB Mobile Legend Bang Bang နဲ့ EA Sports FC Online နှစ်မျိုးစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။
MLBB Mobile Legend Bang Bang ကစားနည်းမှာတော့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တီမောတို့ တစ်အုပ်စုတည်း ကျရောက်နေပြီး FC Online ကစားနည်းမှာတော့ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။


