အီရန်လုံခြုံရေးတပ်ဖွဲ့တွေဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ နာဂက်စ် မိုဟာမာဒီကို အကြမ်းဖက်ဖမ်းဆီးခဲ့တယ်လို့ သူမရဲ့ ဖောင်ဒေးရှင်းက ပြောပါတယ်။ အသက် ၅၃ နှစ်အရွယ် မစ္စ မိုဟာမာဒီကို အခြားတက်ကြွလှုပ်ရှားသူတွေနဲ့အတူ နိုင်ငံအရှေ့ပိုင်း မက်ရှ်ဟက်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နာဂက်စ်ဖောင်ဒေးရှင်းက ပြောပါတယ်။အခုလို ဖမ်းဆီးခံရတဲပအတွက် အလွန်စိုးရိမ်မိကြောင်း နိုဘယ်ကော်မတီက ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ မိုဟာမာဒီရဲ့ တည်နေရာကိုထုတ်ပြန်ဖို့နဲ့ သူမရဲ့ ဘေးကင်းမှုနဲ့ အာမခံဖို့နဲ့ ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အီရန်ကတော့ ဒီကိစ္စကို မှတ်ချက်မပေးသေးပါဘူး။ မစ္စ မိုဟာမာဒီဟာ အီရန်မှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ သူမရဲ့ တက်ကြွလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးမြှင့်တင်မှုတွေအတွက် ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။သူမကို ၂၀၂၁ ခုနှစ်ကစပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အီဗင်ထောင်မှာ ထိန်းသိမ်းခံရပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာတော့ သူမကို ဆေးဘက်ဆိုင်ရာအကြောင်းပြချက်နဲ့ အတူ အကျဉ်းထောင်မှ ယာယီလွှတ်ပေးခဲ့သည်။သူမကို လက်ရှိဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့အပတ်က သူ့ရုံးခန်းမှာ သေဆုံးနေခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေ ကိုစရိုအလီကော်ဒီအတွက် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်နေချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။



