ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှေ့မှာနို င်ငံရေးနဲ့ ပတ်သတ်တဲ့ အသံတွေ ဘောက်စ်တခု က နေ ထုတ်လွှင့်ခဲ့ပြီးနောက် လမ်းဘေးဈေးသည်တွေကို ဈေးရောင်းခွင့် ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့ ည၇နာရီဝန်းကျင်မှာ အဆိုပါအသံတွေ ထွက်ပေါ်လာတဲ့အတွက် အဖွဲ့ဝင်တွေရောက်ရှိလာပြီး စစ်ဆေးနေစဉ် ဘောက်စ်ထဲမှ ဆဲဆိုသံတွေထွက်လာပြီးနောက် ဗီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါဆောင်ဘောက်စ်ကို ဘယ်သူလာထားသွားလဲဆိုတာကို မသိရှိရတဲ့အတွက် လမ်းဘေးဈေးသည် တွေကို အပြစ်ရှာကြိမ်းမောင်းနေကြတာဖြစ်ပြီး ဈေးပြန်ရောင်းချခွင့်ပြုမယ့်နေ့ကိုလဲ မသိရှိရသေးဘူးလို့ ဈေးသည်တစ်ဦးက ပြောပါတယ်။



