မေမြို့(သို့မဟုတ်)ပြင်ဦးလွင်မှာရှိတဲ့ဒီဇင်ဘာခြံမှာ ဒီဇင်ဘာခြံပန်းပွဲတော်အတွက် ပန်းအစစ် ပန်းခင်းတွေနဲ့ ရိုးရာအိုးပန်းချီလက်ရာ တွေနဲ့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ဒီဇင်ဘာခြံပန်းပွဲတော်အတွက် လွန်ခဲ့တဲ့ခြောက်လလောက်ကတည်းကစတင်ပြီး ရိုးရာအိုးပန်းချီပြင်ဆင်မှုတွေကို ပြင်ဆင်ခဲ့ရာဒီဇင်ဘာလ(၁၁)ရက်မှာတော့ အပြီးသတ်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။



