သတ္တုကြွယ်၀သော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းရှိ အစိုးရထိန်းချုပ်ထားသော နောက်ဆုံးမြို့သို့ သူပုန်တပ်ဖွဲ့များ ဝင်ရောက်ခဲ့ကြောင်းဒေသခံများက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောသည်။ယူဗီရာမြို့တွင် လက်နက်ကြီး၊ အမြောက်နှင့် သေနတ်ပစ်ခတ်မှုများကိုကြားရပြီး ထောင်ပေါင်းများစွာသော ဒေသခံများသည် နယ်စပ်ဖြတ်ကျော်၍အိမ်နီးချင်း ဘူရွန်ဒီနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ကြာရှည်စွာ ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကွန်ဂိုနှင့် ရဝမ်ဒါတို့အကြား လွန်ခဲ့သည့်သီတင်းပတ်ကငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြားဝင်ညှိနှိုင်းပေး ခဲ့သော်လည်း တိုက်ပွဲများမြင့်တက်လာခြင်း ဖြစ်သည်။အမ် ၂၃ သူပုန်အဖွဲ့က ယူဗီရာမြို့ကို အစိုးရတပ်များလက်မှ သိမ်းယူခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။သူပုန်တိုက်ခိုက်ရေးသမားများသည် အဓိကလမ်းများပေါ်တွင် ရှိနေကြောင်းတောင်ကီဗူးအုပ်ချုပ်ရေးမှူး ဂျင်းဂျက်ကွက်စ်ပူရူစီက ဒေသခံ မီဒီယာများကိုပြောသည်။အစိုးရတပ်နှင့် မဟာမိတ်ပြည်သူ့စစ်များသည် ဘူရွန်ဒီနိုင်ငံ၏ မြို့တော်ဘူဂျမ်ဘူရာမှ တန်ဂန်ရီကာ ရေကန်တစ်ဖက်ရှိ ၂၇ ကီလိုမီတာအကွာတွင်ရှိသောယူဗီရာမြို့ကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။



