(၁၈)ကြိမ်မြောက် အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ ပန်းပွဲတော် IMMERSIVE FLOWERS FESTIVAL ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်အထိ လာရောက်လည်ပတ်သည့် လူဦးရေ ခြောက်သောင်းခန့် ရှိကြောင်း သိရသည်။ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ဒီဇင်ဘာ ၆ ရက်တွင် နိုင်ငံခြားသား လေးဦး အပါအဝင် လူဦးရေ ၁၃,၈၂၅ ဦး၊ ဒီဇင်ဘာ ၇ ရက်တွင် နိုင်ငံခြားသား ၉ ဦး အပါအဝင် ၂၂၄၀၇ ဦး၊ ဒီဇင်ဘာ ၈ ရက်တွင် နိုင်ငံခြားသား လေးဦး အပါအဝင် ၈,၅၆၃ ဦး၊ ဒီဇင်ဘာ ၉ ရက်တွင် နိုင်ငံခြားသား ၇ ဦး အပါအဝင် ၆,၇၅၀ ဦးနှင့် ဒီဇင်ဘာ ၁၀ ရက်တွင် နိုင်ငံခြားသား နှစ်ဦး အပါအဝင် ၆,၄၆၉ ဦး၊ စုစုပေါင်း ၅၈,၀၁၄ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။
Dec 12 • 2:15 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 70 | 0 | 0 | 0 |


