ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစည်သူအောင်က(ARTသောက်သုံးနေသော အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် လူနာများအတွက် ဆေးဝါးများ ပြတ်လပ်ခြင်းမရှိစေရန် ဆောင်ရွက်ထားကြောင်း ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်၊ Amara Hotel ၌ ပြုလုပ်သော (၂၀၂၃)၊ (၂၀၂၄) နှင့် (၂၀၂၅) ခုနှစ်၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် မိတ်ဖက်အဖွဲ့အစည်းများ၊ အိပ်ခ်ျအိုင်ဗွီပိုးရှိနေထိုင်သူများ ကွန်ရက်များနှင့် ပြည်သူလူထုအခြေပြုအဖွဲ့များနှင့် ပူးပေါင်းကာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းနှင့်အညီ ကာကွယ်ရေး၊ ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ART ဆေးကုသမှုခံယူနေသူများအတွက် ဆေးဝါးပြတ်လပ်မှုမရှိစေရန် ဆောင်ရွက်ထားဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြား
Dec 12 • 1:52 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


