back

မန္တလေးဈေးကွက်တွင် ပြည်တွင်း/ပြည်ပ ဝယ်လိုအားကြောင့် မတ်ပဲဈေးနှုန်း မြင့်တက်

Dec 12 • 1:51 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးဈေးကွက်တွင် ပြည်တွင်း/ပြည်ပ ဝယ်လိုအားကြောင့် မတ်ပဲဈေးနှုန်း မြင့်တက်

ပြည်ပပို့ကုန်သီးနှံဖြစ်သော မတ်ပဲသည် ဒီဇင်ဘာလ ပထမပတ်မှစ၍ ပြည်တွင်းသိုလှောင်သူများနှင့် ကုန်သည်များ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ယ...

ပြည်ပပို့ကုန်သီးနှံဖြစ်သော မတ်ပဲသည် ဒီဇင်ဘာလ ပထမပတ်မှစ၍ ပြည်တွင်းသိုလှောင်သူများနှင့် ကုန်သည်များ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ယခင်ဈေးထက် ကျပ်တစ်သောင်းကျော် မြင့်တက်လာကြောင်း မန္တလေးပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းမှ သိရသည်။ ဒီဇင်ဘာ ၁ ရက်က မတ်ပဲအသစ် သုံးတင်းဝင်တစ်အိတ်ကို ၂၃၀,၀၀၀ ကျပ်သာရှိရာမှ ဒီဇင်ဘာ ၁၀ ရက်တွင် အသစ်က ၂၃၅,၀၀၀ မှ ၂၄၀,၀၀၀ ကျပ်၊ အဟောင်းက ၂၅၅,၀၀၀ မှ ၂၆၀,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။ လက်ရှိဈေးကွက်အတွင်း မိုးမတ်ပဲအသစ်များ ဝင်ရောက်နေသော်လည်း ပြည်တွင်းသိုလှောင်သူများ သိသိသာသာ ဝယ်ယူနေခြင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုများရှိနေခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး၊ လက်ရှိဈေးထက် အနည်းငယ် ထပ်တက်နိုင်သော်လည်း သိသိသာသာ မြင့်တက်သွားမည်မဟုတ်ကြောင်း ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ မတ်ပဲကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးတို့အပြင် အခြားဒေသများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသည်။

news-view-count-icon

15