နေပြည်တော်ကောင်စီနယ်မြေအတွင်းဧည့်ဂေဟာ (၁၀)လုံးရှိတဲ့အနက်ဧည့်ဂေဟာ(၇)လုံးက ကိုဗစ်ကာလအတွင်းယာယီရပ်နားထားခဲ့ရတာြဖစ်ပြီး ယခုအချိန်မှာတော့ပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်ကာကျန်ဧည့်ဂေဟာများကိုလည်းဒီဇင်ဘာလအကုန်တွင်ဖွင့်လှစ်သွားနိုင်အောင်ဆောင်ရွက်နေတယ်လိုသိရပါတယ်။လက်ရှိ ပွင့်လင်းရာသီမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း လာရောက်လည်ပတ်တည်းခိုကြမဲ့ခရီးသွားဧည့်သည်များအတွက်ဟိုတယ်များမှလည်း ဒီဇင်ဘာလအတွင်း ပရိုမိုးရှင်းများဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။



