back

အောင်မင်္ဂလာကားဝင်းအတွင်း တက္ကစီနှင့် အိမ်စီးကားမှာ ယခင်လို ရပ်နားခွင့်ပြန်ရဟုဆို

Dec 11 • 12:40 PM

breaking-news

မြန်မာ

ရန်ကုန်

cover

အောင်မင်္ဂလာကားဝင်းအတွင်း တက္ကစီနှင့် အိမ်စီးကားမှာ ယခင်လို ရပ်နားခွင့်ပြန်ရဟုဆို

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း တက္ကစီနှင့် အိမ်စီးကားများ ရပ်တန့်ပါက အကြောင်းအမျိုးမျိုးပြကာ တရားမဝင်ငွေညှစ်သူများကို...

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း တက္ကစီနှင့် အိမ်စီးကားများ ရပ်တန့်ပါက အကြောင်းအမျိုးမျိုးပြကာ တရားမဝင်ငွေညှစ်သူများကို သက်ဆိုင်ရာက စစ်ဆေးဖော်ထုတ်ပြီးနောက် ယခင်အတိုင်း ဝင်ရောက်ရပ်နားခွင့်ပြန်လည်ရရှိလာကြောင်း အဆိုပါဝင်းအတွင်း သွားရောက်ခဲ့သည့် တက္ကစီယာဉ်မောင်းများက အတည်ပြုပြောဆိုသည်။ပြီးခဲ့သည့်နိုဝင်ဘာလက အိမ်စီးကားများနှင့် တက္ကစီကားများအား အောင်မင်္ဂလာအဝေးပြေးကားဝင်း အတွင်း ခရီးသည်အတင်းအချပြုလုပ်နေစဉ်ကားမရပ်ရသည့်နေရာတွင် ကားရပ်သည်ဟုဆိုကာ လိုင်စင် သိမ်းခြင်း၊ ဒဏ်ငွေ ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ ဆောင်ခိုင်းသည့်သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် သက်ဆိုင်ရာက စစ်ဆေးဖော်ထုတ် အရေးယူမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။



news-view-count-icon

20