မနက်ဖြန်ည ဒီဇင်ဘာလ ၁၂ရက် ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မည့် One One Friday Fights 136 ပြိုင်ပဲဲကြီးမှာ မြန်မာ့လက်ဝှေ့ဖိုက်တာ ချင်းလူငယ်လေး အောက်ချင်းလေး (ခ) ဟာလင်းအုမ် 🇲🇲 နဲ့ ထိုင်းလူမျိုး မွေထိုင်းဖိုက်တာ ချက်ပီချစ်🇹🇭 တို့ ATOMWEIGHT မွေထိုင်းပြိုင်ပွဲ အဖြစ်ထိုးသတ်ကြတော့မှာဖြစ်ပါတယ် ထိုင်းဖိုက်တာဖြစ်သူချက်ပီချစ် 🇹🇭 က အသက် ၂၆နှစ် အရပ်က ၅ပေ ၂ လက်မ ၊ One မှာ ၆ပွဲထိုး ၄ပွဲနိုင် ၂ပွဲရှုံး ရလဒ် ရရှိထားပါတယ်။ ၆ပွဲစလုံးက အမှတ်အဆုံးဖြတ် ထိ ရောက်ထားတယ် ။ အလဲထိုးပါဝါ မရှိပေမယ့် အမှတ်ပေးစနစ် ကို ကောင်းစွာ ထိုးသတ်နိုင်သူလို့ဆိုရပါမယ်။ အလဲထိုးနဲ့မရှုံးထားသလို အလဲထိုးနဲ့ နိုင်ထားတာလည်းမရှိဘူး။ မာဂုဏ်လည်း ကောင်းတယ် လို့ဆိုနိုင်ပါတယ်။ အောက်ချင်းလေး 🇲🇲 ထက် One အတွေ့အကြုံပိုများတယ်။ လွယ်ကူမယ့် ပြိုင်ဘက် တော့မဟုတ်ဘဲ အောက်ချင်းလေး 🇲🇲 က အသက် ၂၇နှစ် ၊ အရပ်က ၅ပေ ၄လက်မ၊ One မှာ ၁ပွဲရှုံး ၁ပွဲနိုင်ထားပြီး အလဲထိုးနဲ့ ၁ပွဲရှုံးထားပြီး၊ ဒုတိယပွဲမှာတော့ အလဲထိုးပါဝါ ရှိတဲ့ ဟာရယုကိတာနစ်စု 🇯🇵 ကို အမှတ်နဲ့ အနိုင်ယူပြထားပါတယ်။ အောက်ချင်းလေး 🇲🇲 က ပွဲဦးထွက်မလှပေမယ့် ဒုတိယပွဲမှာ လက်ရေပိုပြီးတည်ငြိမ် ပိုကောင်းလာတာတွေ့ရပါတယ်။ ဒီပွဲမှာ အောက်ချင်းလေး🇲🇲က အတွေ့အကြုံရှိပြီး အမှတ်ပေးစနစ် ကျွမ်းကျင်တဲ့ ချက်ပီချစ် 🇹🇭 နဲ့ပွဲအတွက် သေချာပြင်ဆင်လာခဲ့ဖို့တော့ လိုပါမယ်။ KD ကျအောင်ထိုးနိုင်ရင်တော့ အမှတ်နဲ့ သို့မဟုတ် အလဲထိုးနဲ့ နိုင်ပါမယ်။ဒီပွဲမှာတော့ မမျှော်လင့်တာတွေလုပ်ပြနိုင်တဲ့ အောက်ချင်းလေး 🇲🇲 နိုင်မယ်လို့ပရိသတ်များက ခန့်မှန်းမိပါတယ်။



