back

ဒေါ်လာ ၉၀၀ ဘီလီယံ ကာကွယ်ရေးဥပဒေကြမ်းကို ကန်အောက်လွှတ်တော် အတည်ပြု

Dec 11 • 7:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒေါ်လာ ၉၀၀ ဘီလီယံ ကာကွယ်ရေးဥပဒေကြမ်းကို ကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ မူဝါဒတွေကို ဖော်ပြထားတဲ့ ဒေါ်လာ ၉၀၀ ဘီလီယံပမာဏရှိ အမျိုးသား ကာကွယ် ရေး အက်ဥပဒေကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။အဆို...

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ မူဝါဒတွေကို ဖော်ပြထားတဲ့ ဒေါ်လာ ၉၀၀ ဘီလီယံပမာဏရှိ အမျိုးသား ကာကွယ် ရေး အက်ဥပဒေကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။အဆိုပါအက်ဥပဒေကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၁၂၊ ကန့်ကွက်မဲ ၁၁၂ မဲနဲ့ အတည်ပြု ခဲ့ပြီး အထက်လွှတ်တော်က အတည်ပြုဖို့ ပေးပို့လိုက်ပါပြီ။စာမျက်နှာ ၃,၀၈၆ မျက်နှာနီးပါးရှိ အဆိုပါအက်ဥပဒေမှာ အဓိကပြဌာန်းချက်တွေမှာ ယူကရိန်းသို့ ဒေါ်လာ သန်း ၈၀၀ အကူအညီပေးဖို့နဲ့ ဆီးရီးယားအာဏာရှင်ဟောင်း အာဆတ်အစိုးရလက်ထက် ဒဏ် ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေး စဉ်းစားဖို့ဖြစ်ပါတယ်။ယင်းအက်ဥပဒေမှာ Iron Dome စနစ်လိုမျိုး ဒုံးခွင်းစနစ်တွေအတွက် ပံ့ပိုးကူညီရေး အပါအဝင် အစ္စရေးနိုင်ငံသို့ ဒေါ်လာ သန်း ၆၀၀ ထောက်ပံ့ရေးလည်း ပါဝင်ပါတယ်။အဆိုပါအက်ဥပဒေကို သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးဖို့ မပေးပို့မီ အမေရိကန် အထက် လွှတ်တော်က အတည်ပြုဖို့ လိုအပ်ပါတယ်။ယူကရိန်းနိုင်ငံက ၂၀၂၇ ခုနှစ်အထိ ဒေါ်လာ သန်း ၈၀၀ အကူအညီရရှိမှာဖြစ်ပြီး အမေရိကန် ကုမ္ပဏီတွေထံမှ စစ်လက်နက်တွေ ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။အစ္စရေးလိုမျိုး အရေးပါတဲ့ မဟာမိတ်တွေအတွက် ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်မှာဖြစ်ပြီး Iron Dome ဒုံးခွင်းစနစ်အတွက် ဒေါ်လာ သန်း ၆၀ ပံ့ပိုးကူညီမှာဖြစ်ပါတယ်။


news-view-count-icon

28